Breaking News

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာ အသိပညာရရှိစေရန်အလို့ငှာ "လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပညာသင်ဆု‌ပေးအပ်ခြင်း

Myanmar Japan Thilawa Development Limited မှ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ထူးချွန်ကျောင်းသားကျောင်းသူများအား ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို သီလဝါ အထူးစီးပွားရေးဇုန်၌ ကျင်းပပြုလုပ်ရာ နှစ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Knowledge Sharing Activity

Chindwin College မှ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ကျောင်းသားကျောင်းသူများအား "ပြည်တွင်းပြည်ပ အလုပ်အကိုင် အောင်မြင်မှုများဆီ" သို့ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို ၁၈.၇.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း

ဝါတွင်းကာလ ဝါဆိုတော် မူကြကုန်သော သံဃာတော်များအား ဝါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အခမ်းအနားကို ၁၇.၇.၂၀၂၅ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ကာလတိုသင်တန်းများ ဖွင့်လှစ်ပို့ချခြင်း

(၁၇-၅-၂၀၂၅) ရက်နေ့မှ (၁၅-၆-၂၀၂၅)ရက်နေ့အထိ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)နှင့် Thilawa SEZ CSR Program တို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော Basic House Wiring Installation Course နှင့် Basic Computer Courseသင်တန်းများ၏ မှတ်တမ်းဓာတ်ပုံများ

အသိပညာပေးဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနှင့်ပတ်သက်သော အသိပညာများအား ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် သန်လျင်ခရိုင်ဥပဒေရုံးမှ ဥပဒေပညာရှင်မှ (၃-၃-၂၀၂၅) ရက်၊ နေ့လည် (၂) နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ စုဝေးခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနှင့်ပတ်သက်သော အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ကာလတိုသင်တန်း ဖွင့်လှစ်ခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) နှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လူမှုအကျိုးပြုအစီအစဉ် (TSEZ CSR Program) အရ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာအသုံးချသင်တန်းကို ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)နှင့် သီလဝါအထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ရှိ ဒေသခံများအတွက် ကွန်ပျူတာအခြေခံအသိပညာများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ (၁-၃-၂၀၂၅) ရက်နေ့မှ (၃၁-၃-၂၀၂၅)ရက်နေ့အထိ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် ဖွင့်လှစ်ခဲ့ပါသည်။