Breaking News

ကျောင်းသားကျောင်းသူများအလုပ်အကိုင်ရရှိစေရေး ချိတ်ဆက်ဆွေးနွေးခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိနိုင်ရေးအတွက် (၂၃-၁-၂၀၂၅) ရက် ကြာသပတေးနေ့ နေ့လည် (၁:၀၀) နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနတို့မှ ဌာနမှူးများနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ၊ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် သီလဝါအထူးစီးပွားရေးဇုန် အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး...

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအား (၁၃-၁-၂၀၂၅) ရက်နေ့တွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်၍ သိရှိလိုသည်များအား ဆွေးနွေးခဲ့ကြပါသည်။

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မေဂျာပေါင်းစုံအားကစားပြိုင်ပွဲကို အားကစားနည်း(၅)နည်းဖြစ်သော ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်(အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတို့ဖြင့် (၃-၁-၂၀၂၅)ရက်နေ့မှ (၁၁-၁-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပနေပုံ စစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ စားပွဲတင်တင်နစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ အားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားတွင် ဆုရကျောင်းသားကျောင်းသူများအား...

၂၀၂၄-၂၀၂၅ ပညာသင်နှစ် A.G.T.I (ပထမနှစ်) ဝင်ခွင့်ရရှိသူများစာရင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် A.G.T.I (ပထမနှစ်)သင်တန်းများအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် ဝင်ခွင့်လျှောက်ထားသူများအနက်မှ ဝင်ခွင့်ရရှိသောကျောင်းသားကျောင်းသူများစာရင်းအား အောက်ပါအတိုင်းထုတ်ပြန်ကြေညာလိုက်သည်။

“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း

၂၄.၇.၂၀၂၄ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ "လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတင်မှ ကျောင်းသားကျောင်းသူလူငယ်များအား ရိုးသားဖြောင့်မတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သောလူငယ်များဖြစ်စေရေး၊ အဂတိလိုက်စားမှုကင်းစင်ရေးတို့အတွက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။...

မိုးရာသီအားကစားပြိုင်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) တွင် မိုးရာသီအားကစားပြိုင်ပွဲကို ၁၀.၇.၂၀၂၃ မှ ၁၄.၇.၂၀၂၃ အထိ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲများအား (၂၈.၆.၂၀၂၃) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။