Breaking News

“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း

၂၄.၇.၂၀၂၄ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ "လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတင်မှ ကျောင်းသားကျောင်းသူလူငယ်များအား ရိုးသားဖြောင့်မတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သောလူငယ်များဖြစ်စေရေး၊ အဂတိလိုက်စားမှုကင်းစင်ရေးတို့အတွက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။...