Breaking News

မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ

အမျိုးသားအဆင့် မူပိုင်ခွင့်ဆိုင်ရာ မဟာဗျူဟာပါ လုပ်ငန်းစဉ်များကို အကောင်အထည်ဖော်နိုင်ရန် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော မူပိုင်ခွင့်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအား (၁၃-၁-၂၀၂၅) ရက်နေ့တွင် ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများတက်ရောက်၍ သိရှိလိုသည်များအား ဆွေးနွေးခဲ့ကြပါသည်။

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲ

(၇၇)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် မေဂျာပေါင်းစုံအားကစားပြိုင်ပွဲကို အားကစားနည်း(၅)နည်းဖြစ်သော ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲ၊ ကြက်တောင်(အမျိုးသား၊အမျိုးသမီး)ပြိုင်ပွဲ၊ စားပွဲတင်တင်းနစ်ပြိုင်ပွဲ၊ စစ်တုရင်ပြိုင်ပွဲတို့ဖြင့် (၃-၁-၂၀၂၅)ရက်နေ့မှ (၁၁-၁-၂၀၂၅)ရက်နေ့ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲကျင်းပနေပုံ စစ်တုရင်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ စားပွဲတင်တင်နစ်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ ကြက်တောင်ရိုက်ပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ ပိုက်ကျော်ခြင်းပြိုင်ပွဲ ယှဉ်ပြိုင်နေပုံ အားကစားပြိုင်ပွဲပိတ်ပွဲအခမ်းအနားတွင် ဆုရကျောင်းသားကျောင်းသူများအား...

“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း

၂၄.၇.၂၀၂၄ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ "လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတင်မှ ကျောင်းသားကျောင်းသူလူငယ်များအား ရိုးသားဖြောင့်မတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သောလူငယ်များဖြစ်စေရေး၊ အဂတိလိုက်စားမှုကင်းစင်ရေးတို့အတွက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။...

မိုးရာသီအားကစားပြိုင်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) တွင် မိုးရာသီအားကစားပြိုင်ပွဲကို ၁၀.၇.၂၀၂၃ မှ ၁၄.၇.၂၀၂၃ အထိ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲများအား (၂၈.၆.၂၀၂၃) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

Basic Video Editing ကာလတိုသင်တန်းဖွင့်ပွဲ

အခြေခံ Video Editing ကာလတိုသင်တန်း အပတ်စဉ် (၁) အား (၁၄-၁-၂၀၂၃) မှ (၁၂-၂-၂၀၂၃) ရက်နေ့ထိ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

မိုးရာသီသစ်ပင်စိုက်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) ၏မိုးရာသီသစ်ပင်စိုက်ပွဲကို ၂၀၂၂ ခုနှစ်ဇွန်လ ၁၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သစ်တောဉီးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးခဲ့သည်။