Breaking News

“လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ” လူငယ်စကားဝိုင်း

၂၄.၇.၂၀၂၄ ရက်နေ့တွင် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)၌ "လူငယ်နှင့် ကျင့်ဝတ်စံနှုန်းများ" ခေါင်းစဉ်ဖြင့် လူငယ်စကားဝိုင်းဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ တာဝန်ရှိသူများ၊ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဆရာဆရာမများနှင့် ကျောင်းသားကျောင်းသူများမှ တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်အဖွဲ့ဝင် ဦးဝင်းတင်မှ ကျောင်းသားကျောင်းသူလူငယ်များအား ရိုးသားဖြောင့်မတ်၍ အကျင့်စာရိတ္တ ကောင်းမွန်သောလူငယ်များဖြစ်စေရေး၊ အဂတိလိုက်စားမှုကင်းစင်ရေးတို့အတွက် အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။...

မိုးရာသီအားကစားပြိုင်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) တွင် မိုးရာသီအားကစားပြိုင်ပွဲကို ၁၀.၇.၂၀၂၃ မှ ၁၄.၇.၂၀၂၃ အထိ ကျင်းပပြုလုပ်ခဲ့သည်။

မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် မူးယစ်ဆေးအန္တရာယ်ကင်းစင်ပပျောက်ရေးအသိပညာဟောပြောပွဲနှင့်ယာဉ်အန္တရာယ်နှင့်လမ်းအန္တရာယ်အသိပညာဟောပြောပွဲများအား (၂၈.၆.၂၀၂၃) ရက်နေ့တွင်ကျင်းပပြုလုပ်ခဲ့သည်။

မိုးရာသီသစ်ပင်စိုက်ပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) ၏မိုးရာသီသစ်ပင်စိုက်ပွဲကို ၂၀၂၂ ခုနှစ်ဇွန်လ ၁၃ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်ရှိ သစ်တောဉီးစီးဌာနနှင့် ပူးပေါင်း၍ စိုက်ပျိုးခဲ့သည်။

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာ‌မျိုးသိန်းကျော် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) သို့ လာရောက်ကြည့်ရှုစစ်ဆေးခြင်း

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်းရှိ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) သို့ ရောက်ရှိပြီး ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီး၊ ဌာနမှုးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများနဲ့ တွေ့ဆုံခဲ့၍ ကျောင်းအုပ်ကြီးက ကျောင်းဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ပြည်ထောင်စုဝန်ကြီးက...