Breaking News

လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ

ကျောင်းသားလူငယ်များ လူကုန်ကူးမှုဆိုင်ရာ အသိပညာရရှိစေရန်အလို့ငှာ "လူကုန်ကူးမှုတားဆီးကာကွယ်ရေးနှင့်လူကုန်ကူးခံရသူများအားအကာအကွယ်ပေးရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ" ကို အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပညာသင်ဆု‌ပေးအပ်ခြင်း

Myanmar Japan Thilawa Development Limited မှ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ထူးချွန်ကျောင်းသားကျောင်းသူများအား ပညာသင်ဆု ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို သီလဝါ အထူးစီးပွားရေးဇုန်၌ ကျင်းပပြုလုပ်ရာ နှစ်ဘက်အဖွဲ့အစည်းမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

Knowledge Sharing Activity

Chindwin College မှ အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ကျောင်းသားကျောင်းသူများအား "ပြည်တွင်းပြည်ပ အလုပ်အကိုင် အောင်မြင်မှုများဆီ" သို့ ခေါင်းစဉ်ဖြင့် ဟောပြောပွဲတစ်ရပ်ကို ၁၈.၇.၂၀၂၅ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ဝါဆိုသင်္ကန်းဆပ်ကပ်လှူဒါန်းခြင်း

ဝါတွင်းကာလ ဝါဆိုတော် မူကြကုန်သော သံဃာတော်များအား ဝါဆိုသင်္ကန်းဆပ်ကပ်လှူခြင်း အခမ်းအနားကို ၁၇.၇.၂၀၂၅ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာသို့ သွားရောက်လေ့လာခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)မှ နျူကလီးယားစွမ်းအင်အပေါ် ပြည်သူလူထုထံမှ အပြုသဘောဆောင်သော အမြင်များရရှိစေရန်၊ ယုံကြည်လက်ခံလာစေရန်နှင့် နျူကလီးယားနည်းပညာနှင့် သက်ဆိုင်သည့် အသိအမြင်ဗဟုသုတများ ဖြန့်ဝေပေးနိုင်ရန် ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ ပါရမီလမ်းရှိ နျူကလီးယားနည်းပညာသတင်းအချက်အလက်စင်တာ (Nuclear Technology Information Center) သို့ (၃၀-၁-၂၀၂၅) ရက်နေ့တွင် ကြီးကြပ်ဆရာ၊ ဆရာမများနှင့်ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း...

၂၀၂၄-၂၀၂၅ ပညာသင်နှစ် A.G.T.I (ပထမနှစ်) ဝင်ခွင့်ရရှိသူများစာရင်း

၂၀၂၄-၂၀၂၅ ပညာသင်နှစ် A.G.T.I (ပထမနှစ်)သင်တန်းများအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် ဝင်ခွင့်လျှောက်ထားသူများအနက်မှ ဝင်ခွင့်ရရှိသောကျောင်းသားကျောင်းသူများစာရင်းအား အောက်ပါအတိုင်းထုတ်ပြန်ကြေညာလိုက်သည်။