Breaking News

အသိပညာပေးဟောပြောပွဲ

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနှင့်ပတ်သက်သော အသိပညာများအား ကျောင်းသား၊ ကျောင်းသူများသိရှိစေရန် သန်လျင်ခရိုင်ဥပဒေရုံးမှ ဥပဒေပညာရှင်မှ (၃-၃-၂၀၂၅) ရက်၊ နေ့လည် (၂) နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ စုဝေးခန်းမတွင် မူးယစ်ဆေးဝါးဆိုင်ရာဥပဒေနှင့်ပတ်သက်သော အသိပညာပေး ဟောပြောပွဲကို ကျင်းပပြုလုပ်ခဲ့ပါသည်။

ကာလတိုသင်တန်း ဖွင့်လှစ်ခြင်း

အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်) နှင့် သီလဝါအထူးစီးပွားရေးဇုန်၏ လူမှုအကျိုးပြုအစီအစဉ် (TSEZ CSR Program) အရ ပူးပေါင်းဖွင့်လှစ်သော အခြေခံကွန်ပျူတာအသုံးချသင်တန်းကို ရန်ကုန် တိုင်းဒေသကြီး၊ သန်လျင်မြို့နယ်အတွင်း အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)နှင့် သီလဝါအထူးစီးပွားရေးဇုန် ပတ်ဝန်းကျင်ရှိ ဒေသခံများအတွက် ကွန်ပျူတာအခြေခံအသိပညာများ ပိုမိုတိုးတက်စေရန်ရည်ရွယ်၍ (၁-၃-၂၀၂၅) ရက်နေ့မှ (၃၁-၃-၂၀၂၅)ရက်နေ့အထိ အစိုးရစက်မှုလက်မှုသိပ္ပံ(သန်လျင်)တွင် ဖွင့်လှစ်ခဲ့ပါသည်။

Community Fun Run

သီလဝါအထူးစီးပွားရေးဇုန်တွင် 22nd February 2025 ရက်၊ စနေနေ့တွင်ကျင်းပခဲ့သည့် ပျော်ရွှင်စရာ Community Fun Run ပွဲတော်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) ၊မေဂျာပေါင်းစုံမှ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါသည်။