အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ ကျောင်းသား၊ ကျောင်းသူများ အလုပ်အကိုင်ရရှိနိုင်ရေးအတွက် (၂၃-၁-၂၀၂၅) ရက် ကြာသပတေးနေ့ နေ့လည် (၁:၀၀) နာရီတွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)မှ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် မြို့ပြအင်ဂျင်နီယာဌာန၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနနှင့် စက်မှုအင်ဂျင်နီယာဌာနတို့မှ ဌာနမှူးများနှင့်အတူ သီလဝါအထူးစီးပွားရေးဇုန် ဥက္ကဋ္ဌ၊ စီမံခန့်ခွဲမှုကော်မတီဝင်များနှင့် သီလဝါအထူးစီးပွားရေးဇုန် အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်)၏ သင်ကြား၊ သင်ယူမှု လုပ်ငန်းစဉ်များ၊ ကျောင်းသား၊ ကျောင်းသူများ၏ လက်တွေ့ ဆောင်ရွက်ချက်များ၊ ကျွမ်းကျင်မှုအခြေပြု ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုများနှင့် ကျွမ်းကျင် Technician များ ဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိနိုင်စေရန် လုပ်ငန်းရှင် (Investors) များနှင့် ချိတ်ဆက် ဆောင်ရွက်လိုမှုများအား တင်ပြဆွေးနွေးခဲ့ကြပါသည်။

Average Rating