Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနသင်တန်းကို အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် ၂၀၂၁ ခု၊ ဒီဇင်ဘာလတွင် ပြန်လည်ဖွင့်လှစ်ခဲ့ပါသည်။ ကျောင်းသား၊ ကျောင်းသူများသည် သီအိုရီသာမက လက်တွေ့ကိုပါ လုပ်ဆောင်ရသည်။ AGTI ပုံမှန်သင်တန်းနှင့် ကာလတိုသင်တန်းများ ဖွင့်လှစ်သင်ကြားပေးပါသည်။ ကျွန်ုပ်တို့ ကျောင်းသား၊ ကျောင်းသူများ၏ လိုအပ်ချက်ကိုဖြည့်ဆည်းရန် ဖန်တီးမှုနှင့် ဆန်းသစ်တီထွင်သောနည်းလမ်းများဖြင့် ကောင်းမွန်စွာ သင်ကြားပေးလျှက်ရှိပါသည်။လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနတွင် လက်တွေ့သင်ကြားနိုင်ရန် ၊ လျှပ်စစ်နှင့်ဆိုင်သောလက်တွေ့ခန်း၊ အီလထရောနစ်နှင့်ဆိုင်သော လက်တွေ့ခန်း၊ လျှပ်စစ်ဝါယာသွယ်တန်းခြင်း တပ်ဆင်ရန် လက်တွေ့ခန်း၊ စက်ရုံသုံးစက်များ ထိန်းချုပ်ခြင်းနှင့် ဆိုင်သော (PLC SIEMENS) သင်ကြားမှုအတွက် လက်တွေ့ခန်းအပြင် သဘာဝစွမ်းအင်သုံး (နေရောင်ခြည်စွမ်းအင်) မှ လျှပ်စစ်ထုတ်လုပ်အသုံးပြုထားရှိပြီးလက်တွေ့သင်ကြားပေးလျက်ရှိပါသည်။AGTI ဒီပလိုမာ (၃)နှစ် သင်ကြားပြီးဆုံးချိန်တွင် နိုင်ငံအတွက်အားကိုးအားထိုက်သော လျှပ်စစ်စွမ်းအားအင်ဂျင်နီယာများဖြစ်ရန် ရည်ရွယ်ပါသည်။

စဉ်အမည်ရာထူးပညာအရည်အချင်း
ဒေါ်စိုးစိုးခိုင်ကထိကB.E (EP), M.S-RES
ဒေါ်ပြုံးပြုံးဆွေကထိကB.E (EP)
‌‌ဒေါ်ခင်ထားဦးလက်ထောက် ကထိကB.E (EP)
ဒေါ်စမ်းအိအိခင်နည်းပြB.E (EP)