Breaking News

ကျောင်းဆိုင်ရာအချက်အလက်များ

 

 

၁၉၉၅ ခုနှစ်၊ ဒီဇင်ဘာလတွင် Industrial Training Centre (ITC) အား အဆင့်မြှင့်တင်၍ စက်မှုလက်မှုသိပ္ပံ (သန်လျင်) အဖြစ်ဖွင့်လှစ်ခဲ့ပါသည်။ စက်မှုလက်မှုသိပ္ပံ (သန်လျင်) တွင် EP ၊ EC ၊ MT၊ MPနှင့် Civil ဘာသာရပ်များ ဖွင့်လှစ်သင်ကြားခဲ့ပါသည်။ ၂၀၀၇ခုနှစ်တွင် နည်းပညာတက္ကသိုလ် (သန်လျင်) အဖြစ်ပြောင်းလဲဖွင့်လှစ်ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) အဖြစ် ပြန်လည်ဖွင့်လှစ်နိုင်‌ရေးအတွက် စီစဉ်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့ (၁၃၈၄ခုနှစ်၊ နတ်တော်လဆန်း (၈)ရက်နေ့) တွင် အစိုးရစက်မှုလက်မှုသိပ္ပံ (သန်လျင်) အား ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးစိုးသိန်းက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးခဲ့ပါသည်။ ၂၀၂၂ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်နေ့တွင် မြို့ပြအင်ဂျင်နီယာ ဘာသာရပ်သင်တန်း၊ လျှပ်စစ်စွမ်းအားအင်ဂျင်နီယာ ဘာသာရပ်သင်တန်းနှင့် စက်မှုအင်ဂျင်နီယာ ဘာသာရပ်သင်တန်း တို့အားစတင်ဖွင့်လှစ်သင်ကြားလျက်ရှိပါသည်။ဒေသလိုအပ်ချက်ဖြစ်‌သော ကာလတိုသင်တန်းများလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိပြီးလုပ်သားလိုအပ်ချက်များအားဖြည့်ဆည်းပေးနိုင်ရေးဆောင်ရွက်လျက်ရှိပါသည်။ အစိုးရစက်မှုလက်သိပ္ပံ (သန်လျင်) ၏ကျောင်းအုပ်ကြီးမှာ ‌‌‌‌‌‌‌‌‌ဒေါက်တာကျော်ခိုင်ခိုင်အောင် (Ph.D-IT) ဖြစ်ပါသည်။
မျှော်မှန်းချက် ‌‌‌‌‌‌ဒေသလိုအပ်ချက်နှင့်ကိုက်ညီသော နည်းပညာ နှင့် သက်မွေးပညာရှင်များ သင်ကြား‌လေ့ကျင့်မွေးထုတ်ပေးခြင်းဖြင့် စက်ရုံ၊ အလုပ်ရုံများ၏ လိုအပ်ချက်ဖြစ်သော ကျွမ်းကျင်လုပ်သားများဖြည့်ဆည်းပေးနိုင်ရန်၊ ရည်မှန်းချက် (က) နည်းပညာ နှင့် သက်မွေးပညာရပ်များ သင်ယူနိုင်မည့်အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်၊ (ခ) နည်းပညာ နှင့် သက်မွေးပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာစေရန်၊ (ဂ) ပုဂ္ဂလိက နှင့် စက်ရုံ ၊ အလုပ်ရုံ ပူးပေါင်းဆောင်ရွက်မှု ပိုမို အားကောင်းလာစေရန်၊
အမှတ်စဉ်အမည်ပညာအရည်အချင်းရာထူးတာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ်
ဒေါက်တာကျော်ခိုင်ခိုင်အောင်Ph.D (IT)ညွှန်ကြားရေးမှူး၁၉-၁-၂၀၂၁ မှ ယနေ့ထိ